ကျေးဇူးတော်ရှင်
အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို
့၌ ဟောကြားတော်မူသောတရားတော်
နိဗ္ဗာန်မြင်ပုံ
(၂၈- ၂- ၆၀)
လူမိုက်နှင့်လူလိမ္မာ
ဘာထူးတုန်းလို့
မေးရင် လူမိုက်က
မဂ္ဂဗြဟ္မစရိယ အကျင့်ကို
မကျင့်ဘူး၊ လူလိမ္မာက
မဂ္ဂဗြဟ္မစရိယ အကျင့်ကို
ကျင့်တယ်လို့
ဆိုတော့ ဒီနေ့
လူမိုက်နဲ့လူလိမ္မာ
ဒါထူးခြားပုံ
သိပြီနော် …. (မှန်ပါ့ဘုရား)၊
မဂ္ဂဗြဟ္မစရိယအကျင့်
ကျင့်လိုက်တဲ့အတွက်
လူလိမ္မာမှာ နောက်
ပဋိသန္ဓေနေခြင်း၊
အိုခြင်း၊ နာခြင်း၊
သေခြင်း မရှိတော့ဘူး
(မှန်ပါ့ဘုရား)။
မဂ္ဂဗြဟ္မစရိယ
အကျင့် မကျင့်တဲ့
လူမိုက်များမှာတော့၊
နောက်ပဋိသန္ဓေနေ၊
အိုမှု၊ နာမှု၊ သေမှုတွေ
အလုံးစုံ အကုန်လာတာပါပဲ
….. (မှန်ပါ့ဘုရား)။
ဒါဖြင့် လူလိမ္မာနဲ့
လူမိုက်သည်ကား
ဆိုလို့ရှိရင်ဖြင့်
မဂ္ဂဗြဟ္မစရိယအကျင့်
ကျင့်ခြင်းကြောင့်
နောက်ဒုက္ခပြတ်တာ
လူလိမ္မာ ….. လူမိုက်၊
နောက် ဒုက္ခဆက်တာ…… (လူမိုက်)
ကောင်းပြီ ဒါ လူမိုက်နဲ့
လူလိမ္မာ။
သမ္မာဒိဋ္ဌိငါးမျိုး
မဂ္ဂဗြဟ္မစရိယ
အကျင့်ဆိုပေမယ့်လဲ
တရားကိုယ်ကောက်လိုက်တော့မဂ္ဂဗြဟ္မ္မာစရိယအကျင့်ဆိုတာ
သမ္မာဒိဋ္ဌိအလုပ်
….. (မှန်ပါ)။
သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးရှိတုံးလို့
ဆိုတာမှမသိလို့ရှိရင်လည်း
ဦးဝတို့ နေရာမကျသေးဘူးပေါ့ဗျာ
….. (မှန်ပါ့)၊
အဲဒီတော့ သမ္မာဒိဋ္ဌိကို ဝေဖန်တော့
ကမ္မဿကတာ သမ္မာဒိဋ္ဌိ
၁- နံပါတ် သူလဲ
သမ္မာဒိဋ္ဌိပဲ ….. (မှန်ပါ)။
၁။
ကမ္မဿကတာ သမ္မာဒိဋ္ဌိ
၂။
ဈာန သမ္မာဒိဋ္ဌိ၊
၃။
ဝိပဿနာ သမ္မာဒိဋ္ဌိ၊
၎။
မဂ္ဂသမ္မာဒိဋ္ဌိ၊
၅။
ဖလသမ္မာဒိဋ္ဌိ
သမ္မာဒိဋ္ဌိ
ဘယ်နှစ်မျိုးရှိပါလိမ့်
( ၅- မျိုးပါတယ်ဘုရား)
၅-
မျိုးရှိတယ်ဆိုတော့
ဒကာဒကာမတွေက သြော်.
သာသနာပရော သာသနာအတွင်းရော
နှစ်ခုစလုံးရှိတဲ့
သမ္မာဒိဋ္ဌိက ကမ္မဿကတာ
သမ္မာဒိဋ္ဌိ၊ လှူဒါန်းပေးကမ်းပြီး
သကာလ သုဂတိ၊ ဘ၀သမ္ပတ္တိ၊
ဘောဂသမ္ပတ္တိရတာက
ကမ္မဿကတာ သမ္မဒိဋ္ဌိ
သာသနာတွင်းလဲရှိတာပဲ
သာသနာပလဲရှိတာပဲ
…… (မှန်ပါ့)။
၁-
နံပါတ်ကတော့ ပြီးသွားရောနော်
….. (မှန်ပါ့)၊
ဈာနသမ္မာဒိဋ္ဌိဆိုတာက
သမထလမ်းကနေပြီး
သကာလ ရူပ အရူပ
ဗြဟ္မာ့ပြည်ကို
ရောက်စေတတ်တဲ့
သမ္မာဒိဋ္ဌိ၊ ၀ါ
- ဉာဏ်ပေါ့ဗျာ
…… (မှန်ပါ့)။
ဒါကလဲ
သာသနာပလဲရှိ၊
သာသနာတွင်းလဲရှိပြီးသကာလနေတော့
လမ်းက သူ့ကြည့်လိုက်ပြန်
တော့လဲ ရူပဘုံ
အရူပဘုံရောက်ပါတယ်ဆိုတော့
ဒုက္ခသစ္စာ ပြန်ရခြင်းကြောင့်
သူ့လဲသိပ်ပြီး
အဖိုးတန်ကြီး
တန်တယ်လို့ မယူလိုက်ပါနဲ့
……. (မှန်ပါ့ဘုရား)။
သာသနာတွင်းသမ္မာဒိဋ္ဌိ
အဲဒီတော့
နောက်ပြမယ့် ၃နံပါတ်
ဝိပဿနာသမ္မာဒိဋ္ဌိ၊
မဂ္ဂသမ္မာဒိဋ္ဌိ၊
ဖလသမ္မာဒိဋ္ဌိဆိုတဲ့
သမ္မာဒိဋ္ဌိသုံးမျိုးသာလျှင်
သာသနာတွင်းမှာသာ
ပေါ်နိုင်တယ်လို့
မှတ်ထားပါ …… (မှန်ပါ့)။
အဲဒီ
သာသနာတွင်းမှာ
ပေါ်နိုင်တဲ့ သမ္မာဒိဋ္ဌိကဖြင့်
ပထမသမ္မာဒိဋ္ဌိက
သက္ကာယဒိဋ္ဌိပြုတ်အောင်
လုပ်နိုင်တယ်၊
ဝိပဿနာသမ္မာဒိဋ္ဌိက
…… (ပြုတ်အောင်လုပ်နိုင်ပါတယ်ဘုရား)။
ဝိပဿနာသမ္မာဒိဋ္ဌိက
ဘာကိုပြုတ်အောင်
ပျက်အောင်လုပ်ပါလိမ့်
…… (သက္ကာယဒိဋ္ဌိပြုတ်အောင်
ပျက်အောင် လုပ်နိုင်ပါတယ်ဘုရား)။
သက္ကာယဒိဋ္ဌိပြုတ်အောင်
ပျက်အောင် လုပ်နိုင်တဲ့အတွက်
ဘုန်းကြီးတို့
ဒကာ ဒကာမတွေ ဒီအလုပ်သာ
လုပ်မယ်ဆိုရင်
ဘုန်းကြီးကရော၊
ဘုရားကရော အပါယ်တော့
မကျဘူးဟေ့ …… အထက် သံသရာကနေ
နိဗ္ဗာန်ကိုသာ
သွားမယ်ဆိုတာ
ရဲဝံစွာ တာဝန်ခံတယ်။
အဲဒီတော့
ဒီထဲမှာ သူကတော့
သူ့အကျိုးပေးပြောစမ်းပါဆိုတော့
ယခုဘ၀ နိဗ္ဗာန်ရသည့်ဘ၀တွင်
သောတာပန်၊ သကဒါဂါမ်၊
အနာဂါမ်၊ ရဟန္တာဖြစ်သည့်တိုင်အောင်
ဝိပဿနာသမ္မာဒိဋ္ဌိက
အကျိုးပေးနိုင်တယ်ဆိုတာ
ဒကာဒကာမတွေ ပြောပြီးပြီနော်
….. (မှန်ပါ့)။
ကောင်းပြီ၊
ဒါဖြင့် ၀ိပဿနာသမ္မာဒိဋ္ဌိက
သူ့အလုပ်လုပ်တဲ့အခါမှာဘယ်ပေါ်မှာ
အလုပ်လုပ်တယ်ဆိုတာ
မနေ့ကပြောတယ်နော်
(မှန်ပါ့)။
အဲဒါ
အဲဒီကပဲ စပြောပြီးတော့မှ
အင်း - တတိယ သမ္မာဒိဋ္ဌိပြီးတော့မှ
စတုတ္ထသမ္မာဒိဋ္ဌိတက်ရအောင်
…. (မှန်ပါ့)၊
ကိုင်း ဒကာဒကာမတို့
၁-နဲ့ ၂- ဖြုတ်ထားပါပြီ၊
သာသနာ့ပလဲဖြစ်နေလို့လဲ
ဒုက္ခ၀ဋ်ကျွတ်စေနိုင်တဲ့
သဘောမျိုး အဂုင်္တ္တိုရ်အဋ္ဌကထာဆရာ မပြောသောကြောင့်လဲ
တစ်ကြောင်း။
အရေးကြီးတဲ့
၃-နံပါတ်ပဲ ကျုပ်တို့အလုပ်ခွင်
ဝင်ပြီးသကာလ ဦးဘတင်တို့
အရေးတကြီးမှတ်ကြဖို့
…. (မှန်ပါ့)။
အဲဒီတော့
သံယုတ်အဋ္ဌကထာဆရာက
ဝိပဿနာသမ္မာ ဒိဋ္ဌိကကွာတဲ့
ဝိပဿနာ သမ္မာဒိဋ္ဌိယာ
အနိစ္စာဒိဝသေန
ခန္ဓာဒီသု သောမိတေသု
ဝိပဿနာသမ္မာဒိဋ္ဌိယာ
တေဘူမက သင်္ခါရေ
အနိစ္စာဒီသု ၀ိသောဓိတေသု၊
ဝိပဿနာ သမ္မာ ဒိဋ္ဌိကတော့
ဟေ့တဲ့ ပဋိစ္စသမုပ္ပါဒ်ပေါ်လာတဲ့
ဓမ္မတွေကို အနိစ္စ၊
ဒုက္ခ၊ အနတ္တ အစရှိသည်နှင့်
သူသည်မြင်တဲ့အတွက်
ငါ , ငါလို့ ထင်မှတ်နေတဲ့
သက္ကာယဒိဋ္ဌိ သေသေချာချာစင်အောင်
လုပ်နိုင်သော
ဝိပဿနာ သမ္မာဒိဋ္ဌိ
…… (မှန်ပါ့ဘုရား)။
သံယုတ်
အဋ္ဌကထာဆရာက- ခန္ဓာဒိသု
ခန္ဓာ အစရှိသည်တို့၌
သောဓိ တေသု သက္ကာယဒိဋ္ဌိကို
သုတ်သင်ပြီးသည်ရှိသော်
သူကဖြင့် သြော်
- အနိစ္စ၊ ဒုက္ခ၊
အနတ္တလို့ တစ်ခုသောတရားပေါ်လာလို့
ပဋိစ္စသမုပ္ပါဒ်အစပေါ်လာတာတွေ
ရှုနိုင် ရှုနိုင်၊
အလယ်မှာပေါ်လာတာ
ရှုနိုင်၊ ရှုနိုင်၊
အဆုံးကပဲ ရှုနိုင်
ရှုနိုင် ၊ ရှုချင်တာ
ရှုပါ ဒကာ ဒကာမတို့။
အနိစ္စဖြစ်ပျက်မြင်ကြလို့ရှိရင်ဖြင့်
ဘယ်နည်းနှင့်မဆို
မနေ့ကပြောတဲ့အတိုင်း
သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊
ဥစ္ဆေဒဒိဋ္ဌိ ရှင်းပါတယ်
၊ လင်းပါတယ် ၊ ကွာပါတယ်
ဒီဉာဏ်ကနော် ….. (မှန်ပါ့ဘုရား)
ဒါဖြင့် ၀ိပဿနာသမ္မာဒိဋ္ဌိသည်
ဒိဋ္ဌိသုံးမျိုးကို
စင်ကြယ်စေနိုင်တယ်လို့
မှတ်ထားလိုက်တာပေါ့
….. (မှန်ပါ့ဘုရား)။
ဝိပဿနာသမ္မာဒိဋ္ဌိသည်
ဘာကို စင်ကြယ်စေနိုင်တယ် ( ဒိဋ္ဌိသုံးမျိုးကို
စင်ကြယ် စေနိုင်ပါတယ်ဘုရား
) ၊ အေး - သက္ကာယဒိဋ္ဌိ၊
သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ
ဒီဒိဋ္ဌိသုံးမျိုးကို
စင်ကြယ် စေနိုင်သောကြောင့်
ဦးဘအုန်းတို့၊
ဦးခင်မောင်တို့
သြော် - သူအရေးကြီးဆုံးပါလားဆိုတာ
ပေါ်လာတယ် ……. (မှန်ပါ့ဘုရား)။
မဂ္ဂသမ္မာဒိဋ္ဌိဆိုတဲ့
စတုတ္ထအချက်ကတော့ကို
ဒကာသစ်တို့ အလွယ်လေး
သူများရှင်းပြီးတဲ့ဥစ္စာ
သူက၀င်ထိုင်တာဗျ
…… (မှန်လှပါ့ဘုရား)၊
သူက ဒီလောက်အရေးကြီးတာ
မဟုတ်ဘူး …. (မှန်ပါ့ဘုရား)။
သြော်
- ၀ိပဿနာသမ္မာဒိဋ္ဌိက
သက္ကာယဒိဋ္ဌိ ရှင်းပေးပြီး
သူကနေပြီးသကာလ
အင်း- ထက်ထက်မြက်မြက်
ညာဏ်ဝင်လာပြီး၊
နိဗ္ဗာန်မြင်ပြီး
ဝင်လာတဲ့ တရားပါ
….. (မှန်ပါဘုရား)။
ဝိပဿနာသမ္မာဒိဋ္ဌိ
ဒါကြောင့်
ဒကာ ဒကာမတို့ ၃-
နံပါတ်ဟာ အရေးအကြီးဆုံးအချက်လို့
ဒကာ ဒကာမတို့ မှတ်ပါ
….. (မှန်ပါဘုရား)၊
ဘယ်သူကအရေးကြီးဆုံးတုံး
…… (၀ိပဿနာသမ္မာဒိဋ္ဌိက
အရေးအကြီးဆုံးပါဘုရား)၊
၃- နံပါတ်က ဘာပါလိမ့်
…. (၀ိပဿနာသမ္မာဒိဋ္ဌိပါဘုရား)၊
ဝိပဿနာရှုတဲ့အလုပ်
….. (မှန်ပါ့ဘုရား)။
ဝိပဿနာရှုတဲ့အလုပ်ဆိုတာ
တခြားမှတ်မနေနဲ့
ခင်ဗျားတို့ သန္တာန်မှာ
ပေါ်နေတဲ့ ဝေဒနာဖြစ်စေ၊
စိတ်ဖြစ်စေ ပေါ်ချင်တာပေါ်လာပါစေ၊
စားချင်တဲ့စိတ်ကလေးပေါ်ချင်လဲ
ပေါ်ပါစေ၊ အိပ်ချင်တဲ့စိတ်ကလေး
ပေါ်ချင်လဲပေါ်ပါစေ၊
ငိုက်ချင်တဲ့စိတ်ကလေးပေါ်ချင်လဲ
ပေါ်ပါစေ၊ ပျံ့လွင့်တဲ့စိတ်ကလေး
ပေါ်ချင်လဲပေါ်ပါစေ၊
ပေါ်တာ နောက်ကနေပြီးသကာလ
ဒီဓမ္မလေးဟာ ဖြစ်ပြီးပျက်တဲ့
အနိစ္စပါလားလို့
ရှုဖြစ်အောင် ရှုပေးပါ၊
ဒါ ၀ိပဿနာဖြစ်တာပါပဲလို့
မှတ်ပါ။
ဘယ်စိတ်လာလာဖြစ်ပြီး
ပျက်တာကိုသာ ဒကာ ဒကာမတွေ
ဉာဏ်ဦးတည်ပေးမယ်ဆိုရင်
ဝိပဿနာ သမ္မာဒိဋ္ဌိဧကန်ဖြစ်တယ်လို့
မှတ် ….. (မှန်ပါ့ဘုရား)
ရှင်းပြီလား ….. (ရှင်းပါပြီဘုရား)။
ဘယ်စိတ်ရယ်လို့ဆိုစရာ
မလိုပါဘူး၊ ဒကာ
ဒကာမတို့ပေါ်ရာကိုသာလျှင်
ဖမ်းရှုပါ …… (မှန်ပါ့ဘုရား)
ပေါ်တာဟာ ပဋိစ္စသမုပ္ပါဒ်ပဲ၊
ပဋိစ္စသမုပ္ပါဒ်ဆိုတာ
ခန္ဓာပါပဲ။
ခန္ဓာဆိုတာသည်ကားဆိုရင်ဖြင့်
ဖြစ်ပြီး ပျက်မလို့
ပေါ်လာတဲ့ တရားမှ
တစ်ပါး အခြားသောတရား
မဟုတ်ပါဘူး (မှန်ပါ့ဘုရား)။
ဒါဖြင့်
ဒကာဒကာမတို့ ခင်ဗျားတို့သန္တာန်မပေါ်ဘဲနေရင်လဲ
သေကြမှာပဲ ….. (မှန်ပါ့ဘုရား)၊
စိတ်တွေ မပေါ်ဘဲနေရင်
…. (သေမှာပါဘုရား)၊
ဒါဖြင့် ပေါ်လာတဲ့စိတ်ကို
နောက်ကနေ ၀ိပဿနာသမ္မာဒိဋ္ဌိနဲ့
ရှုပါ ….. (မှန်ပါဘုရား)။
ရှုလိုက်သည်နဲ့
တစ်ပြိုင်နက်တည်း
ဒကာ ဒကာမတို့ ခင်ဗျားတို့ကတော့
အနိစ္စကို မြင်တယ်လို့
ဆိုကြလိမ့်မယ်
…… (မှန်ပါ့ဘုရား)။
ဖြစ်ပျက်မြင်တာသည်
ဒိဋ္ဌိသေတာ
မငြင်းပါဘူးတဲ့၊
ဆရာဘုန်းကြီးကလဲ
ဒကာဒကာမတွေ ပြောတဲ့အတိုင်း
ဖြစ်ပြီး ပျက်တာမြင်ကြတာပဲ
အနိစ္စမြင်တာပဲ
မှန်ပါတယ်၊ အနိစ္စမြင်တာသည်
ဒကာ ဒကာမတို့ အပါယ်လေးပါး
သွားစေတတ်တဲ့
ဒိဋ္ဌိသေတာလို့
ပြောလိုက်လို့ရှိရင်လဲ
ပြီးတာပဲ …… (မှန်လှပါ့ဘုရား)
သဘောကျရဲ့ လား
… (ကျပါတယ်ဘုရား)။
ဖြစ်ပြီး
ပျက်တာ မြင်လိုက်တာ
အနိစ္စမြင်တယ်ဆိုလဲ
မှန်တာပဲ …… (မှန်ပါ့ဘုရား)၊
ရှင်းပြီနော်…..
(ရှင်းပါတယ်ဘုရား)။
အနိစ္စမြင်တယ်ဆိုရင်လဲ
မှန်တာပဲ၊ အင်း
- ဖြစ်တာလေးကလဲ
ပျက်သွားတာ မြင်လိုက်တော့
ဒကာဒကာမတို့ ငါလဲ
မဟုတ်ဘူး၊ ငါ့ဥစ္စာလဲ
မဟုတ်လို့ ပျက်စီးတာပဲ၊
ဓမ္မလေးသဘောအတိုင်း
ပေါ်လာတာ ဓမ္မလေး
ပျက်သွားတာဆိုသဖြင့်
ငါ- ငါဥစ္စာဆိုတဲ့
သက္ကာယဒိဋ္ဌိက လာသေးရဲ
့လား ….. (မလာပါဘုရား)။
အဲဒါ
မလာတာထောက်သဖြင့်
သြော် - ဖြစ်ပျက်မြင်တာသည်
ဒိဋ္ဌိသတ်နေတာပါလားလို့
ရှေးဦးစွာပဲ
မှတ်လိုက်တာပေါ့
…… (မှန်ပါ့ဘုရား)၊
ဖြစ်ပျက်မြင်တာ
ဘာပါလိမ့် ……. (ဒိဋ္ဌိသတ်နေတာပါဘုရား)။
ဖြစ်ပျက်မြင်တာသည်
ဒိဋ္ဌိသတ်နေတာဟာ
ဧကန်စင်စစ် ဖြစ်ပါတယ်ဆိုတာ
သံယုတ် အဋ္ဌကထာ ဆရာက
ဝိပဿနာသမ္မာဒိဋ္ဌိ
ယာ အနိစ္စာ ဒိဝသေန
ခန္ဓာဒီသု သောဓိ
တေသု ခန္ဓာဒီသု
- အနိစ္စခန္ဓာအစရှိသည်တို့၌၊
ဝိသောဓိတေသု -
ငါ - ငါ့ကိုယ်စွဲယူတဲ့
သက္ကာယဒိဋ္ဌိတရားကို
ပယ်နှုတ်ပြီး၍၊
ဒါ သက္ကာယ ဒိဋ္ဌိပယ်နုတ်နေတာတဲ့
…… (မှန်ပါ့ဘုရား)။
ဖြစ်ပျက်ရှုတာ
ဘာလုပ်ကြတာတုံး
……. (သက္ကာယဒိဋ္ဌိဖြုတ်နေတာပါဘုရား)၊
အဲ- ဒကာ ဒကာမတို့
ရှုတုန်းကတော့
အနိစ္စမြင်အောင်
ရှုတာပြောကြတယ်
…… (မှန်ပါ့ဘုရား)၊
မှန်ပါတယ်တဲ့။
အနိစ္စမြင်အောာင်
ရှုတယ်ဆိုတာ မမှားပါဘူး။
အကျိုးပေးဘာပြီးသတုံးလို့
မေးတဲ့အခါကျတော့
အပါယ်သွားစေတတ်တဲ့
သက္ကာယဒိဋ္ဌိပြုတ်ပါတယ်ဘုရားလို့
ခင်ဗျားတို့ လျှောက်ရလိမ့်မယ်
(မှန်လှပါဘုရား)။
ဖြစ်ပျက်မြင်ပြီး
သေသွားစမ်းပါ
ဒါကြောင့်
ဘုန်းကြီးတို့
ဒကာ ဒကာတွေသည်
ဖြစ်ပျက်မြင်ပြီး
သေသွားစမ်းပါလို့
ပြောလိုက်ပါတယ်
…. (မှန်ပါ့ဘုရား)။
ဖြစ်ပျက်အဆုံး
မရောက်ချင်နေပါစေ၊
ခန္ဓာကိုယ်မှာ
ဥပစ္ဆေက၊ ဥပဃာတကကံတွေက
ဝင်လာပြီး ဖြတ်လိုက်လို့
ဦးဘအုန်းတို့
နော် - အပါယ်တော့
စိတ်ချရတယ် ….. (မှန်ပါ့ဘုရား)။
ဘာဖြစ်လို့
စိတ်ချရသတုံးလို့
မေးတဲ့အခါကျတော့
သက္ကာယဒိဋ္ဌိက ပြုတ်နေလို့
…… (မှန်ပါဘုရား)၊
သက္ကာယဒိဋ္ဌိက ပြုတ်နေတော့ဖြစ်တာမြင်သဖြင့် သက္ကာယဒိဌိ၊
ဥစ္ဆေဒဒိဋ္ဌိ ပြုတ်တယ်လို့
မနေ့ကပြောခဲ့တယ်
…… (မှန်ပါ့ဘုရား)၊
ပျက်တာမြင်သဖြင့်
သဿတ ဒိဋ္ဌိပြုတ်တယ်လို့
မနေ့က မပြောခဲ့ဘူးလား
…….. (ပြောခဲ့ပါတယ်ဘုရား)။
အဲဒါကြောင့်
ဒကာ ဒကာမတို့ မူလအရင်းဒိဋ္ဌိတွေက
မပြုတ်လား …… (ပြုတ်ပါတယ်ဘုရား)
၊ အဲဒါကြောင့်
သံယုတ်အဋ္ဌကထာဆရာက
ခန္ဓာအစရှိသည်တို့ကိုပဲ
သောဓိတေသု- သက္ကာယဒိဋ္ဌိ
သုတ်သင်ပြီးသည်ရှိသော်
ဝိပဿနာ သမ္မာဒိဋ္ဌိက
သက္ကာယဒိဋ္ဌိ သုတ်သင်တာ
ဦးခင်မောင် ဘာတဲ့တုံး
….. (သက္ကာယဒိဋ္ဌိ
သုတ်သင်ပါတယ်တဲ့ဘုရား)။
သြော်
- သက္ကာယဒိဋ္ဌိ သုတ်သင်ရှင်းလင်းတဲ့
တရားလို့ဆိုသဖြင့်
အားလုံးတရားနာကြတဲ့
ဒကာ ဒကာမတွေဟာ
သြော် - အပါယ်လေးပါး
တံခါးပိတ်တာ ဒီက
စတာကိုး၊ ၀ိပဿနာရှုတာက
ဖြစ်ပျက်မြင်တာက
စတာကိုးလို့ သေသေချာချာမှတ်ပါ
….. (မှန်ပါ)
ရှင်းပြီလား ….. (ရှင်းပါတယ်ဘုရား)။
ဖြစ်ပျက်မြင်တာသည်
အပါယ်တံခါးပိတ်တာ
အပါယ်လေးပါးတံခါးပိတ်တာသည်
ဘယ်ကစပါလိမ့်
….. (ဖြစ်ပျက်မြင်တာက
စပါတယ်ဘုရား)။
ဖြစ်ပျက်မြင်တာက
စတယ်၊ ဖြစ်ပျက်မြင်တော့
ဘာကျေးဇူးခံစားရသတုံးလို့
အမေးထုတ်ရင် ဘယ့်နှယ်ဖြေကြမယ်
….. (သက္ကာယဒိဋ္ဌိ
ပြုတ်ခြင်းကျေးဇူးခံစားရပါတယ်ဘုရား)။
သက္ကာယဒိဋ္ဌိ
ပြုတ်သွားတယ်ဆိုသဖြင့်
ရင်ဝလှံစူး၊ ထိပ်ဦးမီးလောင်ဆိုတာ
သက္ကာယဒိဋ္ဌိ အရင်ပြုတ်ရမယ်ဆိုတာသည်ကားလို့ဆိုလို့ရှိရင်
အရေးတကြီး အပါယ်သွားရမည့်
တရားဖြစ်နေလို့
ဖြတ်ရတာမဟုတ်လား
…… (မှန်ပါ့ဘုရား)။
အဲဒီတော့
သူဖြတ်နေတဲ့ အလုပ်ကို
ကျုပ်တို့က သေသေချာချာဖြုတ်ပြီးသားဖြစ်နေတော့၊
အင်း- မဂ်ဥာဏ်မရလဲ
ဝိပဿနာမဂ်နဲ့ပဲ
သေသွားစမ်းပါ၊
လောကုတ္တရာမဂ်
မရောက်ချင်နေပါစေ၊
အပါယ်လေးပါးတော့
မရောက်ပါဘူး။
ဒုတိယဘ၀လဲ
သေသေချာချာ သောတာပတ္တိမဂ်ရမယ်
ဆိုတာကိုလဲ အင်္ဂုတ္တိုရ်က
တာဝန်ခံသောကြောင့်
အင်္ဂုတ္တိုရ်ဆိုတာ
ဘုရား တိုက်ရိုက်ဟောတာဖြစ်လေသောကြောင့်
ဦးဘအုန်း စိတ်ချရတယ်။
ဒါဖြင့်
ဝိပဿနာသမ္မာဒိဋ္ဌိကိုသာ
မဖြစ်ဖြစ်အောင်လုပ်
…… (မှန်ပါဘုရား)၊
ရှင်းပြီးနော်
….. (ရှင်းပါတယ်ဘုရား)၊
ဘာလုပ်ကြမယ် ….. (၀ိပဿနာသမ္မာဒိဋ္ဌိ
လုပ်ကြရပါမယ်ဘုရား)။
ဝိပဿနာသမ္မာဒိဋ္ဌိ
မဖြစ်ဖြစ်အောင်
လုပ်ရမယ်ဆိုတဲ့ဥစ္စာသည်
သက္ကာယဒိဋ္ဌိ မပြုတ်ပြုတ်အောင်
ဖြုတ်ရမယ်ဆိုတာနဲ့
ဘာထူးတုံး ….. (မထူးပါဘုရား)။
ဒကာ
ဒကာမတို့ ၀ိပဿနာ
သမ္မာဒိဋ္ဌိမဖြစ်ဖြစ်အောင်
ရှုရမယ်ဆိုတဲ့ဥစ္စာ
သက္ကာယဒိဋ္ဌိ မပြုတ်ပြုတ်အောင်
ဖြုတ်ရမယ်ဆိုတဲ့
စကားနဲ့ ဘာမှမထူးဘူး
….. (မထူးပါဘူးဘုရား)။
ရှင်းကော
ရှင်းရဲ့ လား …… (ရှင်းပါတယ်ဘုရား)
အဲဒါကြောင့် သာသနာတွင်း
တရားလဲဖြစ်တာနဲ့
ကျုပ်တို့ သေသေချာချာ
စဉ်းစားကြည့်ပါ။
တစ်လောကလုံး
ကျုပ်တို့မှာ
အပါယ်ကို ဘုရားကဟောခဲ့တယ်၊
နောက် သံသရာတို့သည်
အမြဲနေရာ ဘယ်နေတုံးလို့
မေးတော့ ဆရာဘုန်းကြီး
လွန်ခဲ့တဲ့ (၁၅)
ရက်လောက်က ပြောခဲ့တယ်
မဟုတ်လား၊ အပါယ်လေးပါးလို့
ပြောခဲ့တယ် ….. (မှန်ပါ့ဘုရား)။
ဒကာ ဒကာမတွေ
အမြဲနေတဲ့နေရာ
ဘာပါလိမ့် …… (အပါယ်လေးပါးပါဘုရား)
၊ ဒါဖြင့် သက္ကာယဒိဋ္ဌိကြောင့်
ကျတာပဲဗျာ ….. (မှန်ပါ့ဘုရား)။
အပါယ်လေးပါးချည်းနေခဲ့ရတာ
ဘယ့်နှယ့်ကြောင့်တုံး
……(သက္ကာယဒိဋ္ဌိကြောင့်ပါဘုရား)
သက္ကာယဒိဋ္ဌိကြောင့်
ကျတာပါဆိုသဖြင့်
ဦးခင်မောင်တို့
စဉ်းစားပေတော့နော်
… (မှန်ပါ့ဘုရား)။
ဘယ်တော့မှ မဖြုတ်ဖူးဘူးဆိုတာ သေချာပြီ … (သေချာပါပြီဘုရား)၊ ဦးဘအုန်း ဘယ့်နှ&