ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ဟောကြားတော်မူသောတရားတော်
နားငြီးလဲ
ပြောရမှာပဲ
(ငရဲမျိုးစေ့)
ဟောကြားသည့်နေ့
(၄-၁၀-၆၁)
ဘုရားသခင်
ကိုယ်တော်မြတ်ကြီးက
မင်းတို့ကွာ …
ဒီပြင်ဟာ စားရေးသောက်ရေး၊
နေရေး၊ ထိုင်ရေး
ဒါကို ထည့်ပြီးစကားမပြောပါနဲ့တဲ့။
ငရဲရေသောက်မြစ်ဖြုတ်စမ်းပါ။
တိရစ္ဆာန်လည်း ရှာစားရတာပဲကွာတဲ့၊
မထူးပါဘူး၊ ဟောဒီငရဲ
ရေသောက်မြစ် တစ်ခုတော့
မင်းတို့ အရေးတကြီး ဖြုတ်စမ်းပါကွာတဲ့၊
သိပ်မှာတာပဲ …
(မှန်ပါ့)။
ငရဲရေသောက်
မြစ်ဆိုတဲ့ဥစ္စာ
ဘာတုံးဆိုလို့ရှိရင်
အခုပေါ်လာတာကလေးတွေဟာ
စိတ်ကလေးတွေမှန်း
သိလျက်သားနဲ့
စားချင်တဲ့စိတ်ကလေးပေါ်လာတယ်၊
အိပ်ချင်တဲ့ စိတ်ကလေးပေါ် လာတယ်၊ ၀တ်ချင်တဲ့
စိတ်ကလေးပေါ်လာတယ်၊
အဲဒါကို ငါလုပ်နေတဲ့ဥစ္စာ
ဘုရားက အစက်ဆုပ်ဆုံးပဲ
… (မှန်ပါ့ဘုရား)။
စားချင်တဲ့စိတ်၊
ဝတ်ချင်တဲ့စိတ်၊
အိပ်ချင်တဲ့ စိတ်၊
ပြောချင်တဲ့ စိတ်၊
ဆိုချင်တဲ့ စိတ်
ဒီစိတ်ကလေးတွေဟာ
သူ့အကြောင်း တိုက်ဆိုင်တော့
ပေါ်လာတာပဲ …… (မှန်ပါ့)၊
အဲဒါကို ဦးမာတင်တို့၊
ဦးသန်းမောင်တို့ကလည်း
လာတဲ့စိတ်ကို
ငါလုပ်နေတာပဲ
….. (မှန်ပါ့)။
လာတဲ့စိတ်ကို
….. (ငါလုပ်နေပါတယ်ဘုရား)၊
လာတဲ့ စိတ်ကို
ငါမလုပ်ပါနဲ့လို့
သတိပေးလိုက်တယ်နော်
….. (မှန်ပါ့)။
ပေါ်လာတဲ့စိတ်ကို
ငါမလုပ်ပါနဲ့
လာတဲ့စိတ်ကို
ငါမလုပ်ပါနဲ့၊
လာတဲ့စိတ်ဟာ စိတ်တစ်မျိုးပဲ၊
ဒါဟာ စိတ်တစ်မျိုးပဲလို့
စားချင်တဲ့စိတ်လာတယ်၊
သြော် ….. ဒါ စားချင်တဲ့စိတ်
တစ်မျိုးပဲ၊ ဒါလောက်တွင်
ထားပါ …. (မှန်ပါ့ဘုရား)။
အိပ်ချင်တဲ့စိတ်
လာပြန်တော့ အိပ်ချင်တဲ့စိတ်
တစ်မျိုးပဲလို့
မှတ်လိုက်တာပေါ့
….. (မှန်ပါ့)၊
ပြောချင်တဲ့ စိတ်လာရင်ကော
….. (ပြောချင်တဲ့စိတ်
တစ်မျိုးပါဘုရား)။
ဒီလိုသာ
မှတ်နေ ဦးမာတင်တို့၊
ဦးသန်းမောင်တို့ရေ
….. (မှန်ပါ)၊
ဒီ့ပြင် ဘာမှမပြောင်းပါနဲ့
… (မှန်ပါ့)။
စားချင်တဲ့
စိတ်လာလည်း သြော်
…. စားချင်တဲ့စိတ်ပဲ၊
အိပ်ချင်တဲ့စိတ်လာရင်
…. (အိပ်ချင်တဲ့စိတ်ပါပဲ
ဘုရား)။
သူ့ကိစ္စနဲ့
သူပေါ်လာတာလို့
သိနေ
ကျင်ကြီးစွန့်ချင်တဲ့စိတ်လာရင်
ကျင်ကြီးစွန့်ချင်တဲ့
စိတ်ကလေးလို့သိ
….. (မှန်လှပါ)၊
ကျင်ငယ်စွန့်ချင်ရင်
ကျင်ငယ်စွန့်ချင်တဲ့
စိတ်ကလေးလို့သိ
…. (မှန်ပါ့)။
ဒီလိုချည့်
ပေါ်တဲ့စိတ်ကို
သူ့ကိစ္စနဲ့သူပေါ်လာတာကိုး၊
သူ့ကိစ္စနဲ့ သူပေါ်လာတာကိုး
…. လို့ ဒီ
ဒကာ ဒကာမတွေက သိနေလို့ရှိရင်
ဒါ ငါမဟုတ်၊ ငါဥစ္စာ
မဟုတ်ဆိုတာ ပေါ်လာတာပဲ
…. (မှန်ပါ့)၊
ရှင်းပြီနော်
….. (ရှင်းပါပြီဘုရား)။
ဒါ
အထူးဂရုစိုက်ပြီးတော့
နားထောင်ပါလို့
ဆိုတာ သတိပေးတယ်နော်
…. (မှန်ပါ့)။
ငါပြုတ်ရင်
ဒိဋ္ဌိပြုတ်တယ်
အရေးကြီးဆုံးက
ဘာအရေးကြီးဆုံးတုံး
….. ဆိုတော့
ငါပြုတ်ဖို့၊
ငါ့ဥစ္စာပြုတ်ဖို့၊
ဒါအရေးကြီးဆုံး
မှတ်စမ်းပါ …..
(မှန်လှပါဘုရား)။
ငါပြုတ်ရင်
ဒိဋ္ဌိပြုတ်တယ်၊
ငါ့ဥစ္စာပြုတ်ရင်
တဏှာပြုတ်ပါတယ်
….. (မှန်လှပါ)။
ငါ့ဥစ္စာပြုတ်ရင်
တဏှာပြုတ်တယ်
ငါပြုတ်ရင်
….. (ဒိဋ္ဌိပြုတ်ပါတယ်ဘုရား)၊
ငါ့ဥစ္စာပြုတ်ရင်
…. (တဏှာပြုတ်ပါတယ်ဘုရား)၊
တဏှာပြုတ်တယ်လို့
အားလုံး ဒကာ ဒကာမတွေ
မှတ်စမ်းပါ …..
(မှန်ပါ)။
သြော်
…. ဒါဖြင့်
ဘယ်လိုဖြုတ်ပြီးတော့
ဘယ်လိုလုပ်ရမှာတုံးလို့
မေးတဲ့အခါကျတော့
ခုနင်က ပြောခဲ့တဲ့အတိုင်းတဲ့၊
ဘာကလေးပေါ်လာတာ
ငါမဟုတ်တာသိနေဖို့
အရေးအကြီးဆုံးပါပဲ
…. (မှန်ပါ့)။
ငါမဟုတ်တာသိနေဖို့
အရေးကြီးတယ်
ဥပမာမယ်
….. ဆေးလိပ်သောက်ချင်တယ်၊
ဆေးလိပ်သောက်ချင်တာကိုး
….. လို့ သိနေရမယ်၊
ငါမဟုတ်ဘူး ….
(မှန်ပါ့)။
တံတွေးထွေးချင်ရင်ကော
….. (တံတွေးထွေးချင်တဲ့
စိတ်ပါဘုရား)၊
တံထွေး ထွေးချင်တဲ့စိတ်ပဲ၊
ငါမဟုတ်ဘူး …..
(မှန်လှပါ)။
ဥပမာမယ်
….. ဒကာ ဒကာမတွေက
ဒီပစ္စည်းကလေး
တစ်ခုကိုင်ချင်တယ်၊
ကိုင်ချင်တဲ့စိတ်ကလေးပေါ်လာတာကိုး
….. (မှန်ပါ့ဘုရား)။
ပေါ်လာတဲ့စိတ်တိုင်း
ပေါ်လာတဲ့စိတ်တိုင်းဟာ
သူ့ကိစ္စနဲ့သူပေါ်လာတော့ကို
သူ့အကြောင်း တိုက်ဆိုင်လို့ပေါ်လာတယ်၊
အကြောင်းတိုက်ဆိုင်လို့
ပေါ်လာတဲ့၊ စိတ်ကလေးပဲ၊
စိတ်ကလေးပဲ၊ စိတ်ကလေးပဲ
လို့ ဦးမာတင်တို့၊
ဦးသန်းမောင်တို့က
သိနေရမယ် …..
(မှန်လှပါဘုရား)။
ထိုကဲ့သို့
သိနေတော့ ဘုန်းကြီးတို့
ဒကာ ဒကာမတွေမှာ
ဒီခန္ဓာကိုယ်ထဲ
ပေါ်သရွေ့  စိတ်တွေဟူသရွေ
့ဟာ ပေါ်လာတဲ့စိတ်ကို
ပေါ်တိုင်း၊ ပေါ်တိုင်း
သိနေလို့ရှိရင်
ဒိဋ္ဌိပြုတ်တယ်
…. (မှန်ပါ့ဘုရား)။
ပေါ်လာတဲ့စိတ်ကို
…. (ပေါ်တိုင်း ပေါ်တိုင်း
သိနေလို့ရှိရင်
ဒိဋ္ဌိပြုတ်ပါတယ်ဘုရား)၊
ဒိဋ္ဌိပြုတ်တယ်၊
ဒါကလေးကို တစ်ခါတည်းမှတ်ထားပါ
….. (မှန်ပါ့)။
အသက်ရှုချင်တဲ့စိတ်
ပေါ်လာတဲ့စိတ်ကို
ပေါ်တိုင်း ပေါ်တိုင်း
သိရင် …. (ဒိဋ္ဌိပြုတ်ပါတယ်
ဘုရား)။
ရှုချင်တဲ့စိတ်ကလေးပေါ်လာတယ်၊
သြော် ….. ရှုချင်တဲ့စိတ်ကိုး
… လို့ သိပေး
…. (မှန်ပါ)။
ရှိုက်ချင်တဲ့စိတ်ပေါ်လာရင်ကော
…. (ရှိုက်ချင်တဲ့စိတ်လို့
သိရပါမယ်ဘုရား)။
ဒီလို
ပေါ်တိုင်း ပေါ်တိုင်း
သိရင် ဘာပြုတ်သတုံး
…… (ဒိဋ္ဌိပြုတ်ပါတယ်ဘုရား)။
နေရာကျပြီ၊
နေရာကျပြီ ….
နောက်က ဒကာ ဒကာမကြီးတွေ
ဂရုစိုက်ပါ …..
(မှန်ပါ့)။
မိမိစိတ်ရယ်လို့
မရှိဘူး၊ သူပေါ်လာရင်
ဖျတ်ခနဲ ဖျတ်ခနဲပေါ်လာတဲ့စိတ်ကလေးကို
ဘာရယ်လို့တော့
ခင်ဗျားတို့က
အဘိဓမ္မာနဲ့ နာမည်မတင်ချင်နေ
…. (မှန်ပါ့)။
သြော်
… စားချင်တဲ့စိတ်ပေါ်ပြန်ပြီ၊
ဆေးလိပ်သောက်ချင်တဲ့စိတ်
ပေါ်ပြန်ပြီ၊ အိပ်ချင်တဲ့စိတ်ပေါ်ပြန်ပြီ
….. (မှန်လှပါဘုရား)။
စိတ်ပေါ်တိုင်း
သိနေရင် ဒိဋ္ဌိပြုတ်တယ်
ဣဿာစိတ်ပေါ်ပြန်ပြီ၊
မစ္ဆရိယစိတ်ပေါ်ပြန်ပြီ
… (မှန်ပါ့)၊
ဣဿာဆိုတာ ငြူစူတာ၊
မစ္ဆရိယဆိုတာ ၀န်တိုတာ
…. (မှန်ပါ့ဘုရား)၊
ပေါ်တိုင်း ပေါ်တိုင်း
သိနေရင် ဒိဋ္ဌိပြုတ်တယ်လို့
မှတ်ထားကြပါ။
အဲဒါ
အခုဘုန်းကြီးပြောတော့သာ
လွယ်တယ်နော်၊
ဦးမာတင်တို့၊
ဦးသန်းမောင်တို့
ကိုယ်ဟာကိုယ်ကျတော့
ခင်ဗျားတို့ လပ်လစ်သွားတယ်
…. (မှန်လှပါ)၊
လစ်လပ်သွားတယ်။
အဲဒီတော့
…. ယနေ့သည်
အဆင်းကလေးမြင်တယ်၊
ဖြူနီကြောင်ကျားမြင်တယ်၊
ဟော …. မြင်ချင်တဲ့စိတ်
ပေါ်ပြီ ….
(မှန်ပါ့ဘုရား)။
ဘုန်းကြီးဟောတဲ့
တရားကိုကြားကြတယ်၊
ကြားတဲ့စိတ်ပေါ်တယ်
… (မှန်ပါ့)။
အနံကလေးနံတယ်၊
သြော် … အနံ့သိတဲ့စိတ်ကလေးပေါ်နေတယ်၊
လျှာပေါ်ချိုချဉ်ဖန်
ငန်ကလေး တင်လိုက်တယ်၊
သြော် …. ငန်တာသိတဲ့စိတ်၊
ချိုတာသိတဲ့စိတ်ကလေး
ပေါ်လာတယ်၊ ဖန်တာသိတဲ့စိတ်ကလေး
ပေါ်လာတယ်၊ ပေါ်တိုင်း
ပေါ်တိုင်း သိလို့ရှိရင်
ဒိဋ္ဌိပြုတ်ပါတယ်
…. (မှန်လှပါဘုရား)။
ပေါ်တိုင်း
ပေါ်တိုင်းသိရင်
…. (ဒိဋ္ဌိပြုတ်ပါတယ်
ဘုရား)၊ ဒိဋ္ဌိပြုတယ်လို့
မှတ်ထားကြစမ်းပါ
…. (မှန်ပါ့)။
ကောင်းပြီ၊
ဘယ်စိတ်ပေါ်ပေါ်
ပေါ်တိုင်း ပေါ်တိုင်း
သိရင် ဘာဖြစ်ကြမယ်
…. (ဒိဋ္ဌိပြုတ်ပါတယ်ဘုရား)။
ဘယ်နှယ်ကြောင့်
ဒိဋ္ဌိပြုတ်ပါလိမ့်
ဒိဋ္ဌိ
ဘယ့်နှယ်ကြောင့်
ပြုတ်ပါလိမ့်မလဲလို့
အမေးထုတ်တော့မှ
နဂိုက ငါထင်နေတယ်၊
ပြောချင်တဲ့စိတ်ကလေးပေါ်တာကို
ငါပြောလိုက်ရမယ်လို့
ငါပြောလိုက်ရတော့မလား
ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့
ခင်ဗျားတို့က
သုံးချင်လဲ သုံးပါတယ်
….. (မှန်လှပါဘုရား)။
အိပ်ချင်တဲ့
စိတ်ကလေးပေါ်လာပြန်ရင်လည်း
ငါအိပ်တော့မယ်၊
ခင်ဗျားတို့က
အိပ်ချင်တဲ့စိတ်ကို
ငါလုပ်ပစ်မယ်လို့
ငါမရောစေနဲ့ ပြောတာပါ
….. (မှန်ပါ့)၊
ရှင်းကြပလား …..
(ရှင်းပါပြီဘုရား)။
ဘာတဲ့တုံး
…… (ငါမရောစေနဲ့
ပါဘုရား)၊ ငါမရောစေနဲ့တဲ့၊
ဒီဥစ္စာ ငါရောရင်
ဒိဋ္ဌိဖြစ်လို့
…. (မှန်ပါ့)၊
ရှင်းပြီနော်
…… (ရှင်းပါပြီဘုရား)။
ဒါဖြင့်
စိတ်ပေါ်တိုင်း
ပေါ်တိုင်း ဘာစိတ်ပေါ်ပေါ်
စားချင် စားချင်တဲ့စိတ်လို့
သိ၊ အိပ်ချင်တဲ့စိတ်လို့သိ၊
ဒီလိုသိနေလို့ရှိရင်
ဘာပြုတ်သလဲ …..
(ဒိဋ္ဌိပြုတ်ပါတယ်
ဘုရား)၊ ဒါကို
ထပ်ပြန်တလဲလဲ
မှတ်မိအောင် ပြောနေတယ်လို့
မှတ်ပါ …..
(မှန်ပါ့)။
စိတ်အစဉ်အတိုင်းပေါ်နေတာ
ဒါဖြင့်
ဦးမာတင်တို့
သန္တာန်၊ ဦးသန်းမောင်တို့
သန္တာန်မှာ တစ်စိတ်ပြီး
တစ်စိတ်လာနေမှာပဲ
…. (မှန်လှပါဘုရား)၊
မလာပေဘူးလား ….
(လာပါတယ်ဘုရား)။
တစ်စိတ်ပြီး
တစ်စိတ် လာနေမယ်၊
အဲဒီလာတဲ့စိတ်ကို
သြော် …. တစ်စိတ်လာပြန်ပြီ၊
သြော်… တစ်စိတ်လာပြန်ပြီ၊
သြော် … တစ်စိတ်လာပြန်ပြီလို့
သိနေလို့ရှိရင်ဖြင့်
သြော် … ဒါငါမဟုတ်တာကလေးတွေ
သူ့အကြောင်းတိုက်ဆိုင်လို့
ပေါ်တဲ့စိတ်ကလေးတွေ
စိတ်အစဉ်အတိုင်း
ပေါ်နေတာကိုး၊
တစ်စိတ်ပြီး တစ်စိတ်၊
တစ်စိတ်ပြီ တစ်စိတ်
အစဉ်အတိုင်း ပေါ်နေတာကိုးလို့
သိပြန်လို့ရှိရင်ဖြင့်
ဒါ ခင်ဗျားတို့
ဒိဋ္ဌိပြုတ်တဲ့
ဝိပဿနာဖြစ်လာလိမ့်မယ်
…. (မှန်ပါ့ဘုရား)၊
ဒိဋ္ဌိပြုတ်တဲ့
ဝိပဿနာဖြစ်မယ်
…. (မှန်ပါ့ဘုရား)။
ဝိပဿနာလို့သာဆိုရတယ်၊
ဒိဋ္ဌိပြုတ်တဲ့
ဝိပဿနာဖြစ်ပါတယ်၊
ခုနင်က အနိစ္စမြင်တဲ့
ဝိပဿနာ၊ ဒုက္ခမြင်တဲ့
ဝိပဿနာ မဟုတ်သေးပါဘူး
…. (မှန်ပ့ါ)။
ဒါဖြင့်
ဒါ ပေါ်တိုင်း ပေါ်တိုင်း
ဘယ်စိတ်ပေါ် ပေါ်
သိနေလို့ရှိရင်ဖြင့်
ဘာပြုတ်သတုံး
…. (ဒိဋ္ဌိပြုတ်ပါတယ်
ဘုရား)၊ ရှင်းပြီနော်
….. (ရှင်းပါပြီဘုရား)။
ဘာစိတ်ပေါ်ပေါ်
သိနေရင် …..
(ဒိဋ္ဌိပြုတ်ပါတယ်
ဘုရား)၊ အဲဒီတော့
ဒိဋ္ဌိဟာ အထူးဖြုတ်ရမှာလား၊
ပေါ်တဲ့စိတ်ကို
ပေါ်တိုင်း ပေါ်တိုင်း
သိရမှာလားလို့
မေးရင် ဘယ့်နှယ်ဖြေကြမလဲ
…. (ပေါ်တိုင်း
ပေါ်တိုင်း သိရမှာပါဘုရား)။
ပုဂ္ဂိုလ်သတ္တ၀ါဖျောက်တယ်
ပေါ်တိုင်း
ပေါ်တိုင်း သိနေလို့
ဒီစိတ် စိတ်တစ်မျိုးပေါ်ပြန်ပြီ၊
စိတ်တစ်မျိုးချုပ်သွားပြီ၊
စိတ်တစ်မျိုးပေါ်ပြန်ပြီ၊
စိတ်တစ်မျိုးပေါ်ပြန်ပြီလို့
ဦးသန်းမောင်တို့၊
ဦးမာတင်တို့က
သိနေလို့ရှိရင်ဖြင့်
ပုဂ္ဂိုလ်သတ္တ၀ါ
ပျောက်တယ် ….
(မှန်ပါ့ဘုရား)၊
မပျောက်ဘူးလား
… (ပျောက်ပါတယ်ဘုရား)။
ပုဂ္ဂိုလ်
သတ္တ၀ါပျောက်ထွက်သွားတော့ကို
ပုဂ္ဂိုလ်မဟုတ်ဘူး၊
သတ္တ၀ါလည်း မဟုတ်ဘူး၊
ငါလည်း မဟုတ်ဘူး၊
သူတစ်ပါးလည်း
မဟုတ်ဘူး၊ ငါလည်း
မဟုတ်ဘူး၊ သူတစ်ပါးလည်း
မဟုတ်ဘူး၊ စိတ်ကလေးပေါ်နေတာပဲ၊
စိတ်ကလေးပေါ်နေတာပဲ၊
ဒီလိုသိပြီး ခင်ဗျားတို့
ပေါ်တဲ့စိတ်ကို
အမှတ်ပြုသိနေကြလို့ရှီရင်
ဒိဋ္ဌိပြုတ်တယ်မှတ်ပါ
…. (မှန်လှပါဘုရား)၊
ရှင်းပလား ….
(ရှင်းပါပြီဘုရား)။
ဒါဖြင့်
ဒိဋ္ဌိဖြုတ်နည်းပြောပြီးလို့ရှိရင်
ဝိစိကိစ္ဆာဖြုတ်နည်း
ပြောတော့မယ်နော်
…. (မှန်ပါ့)၊
ဒိဋ္ဌိဟာ သူ့ဟာက
ပေါ်တိုင်း ပေါ်တိုင်း
သိနေရင် ဒိဋ္ဌိပြုတ်တယ်
…. (မှန်ပါ့)၊
သို့သော်လည်း
ဒါက သက္ကာယဒိဋ္ဌိသာပြုတ်တာ
…. (မှန်ပါ့)၊
မှတ်မိကြပလား
… (မှတ်မိပါပြီဘုရား)။
ဘာပြုတ်သတဲ့တုံး
… (သက္ကာယဒိဋ္ဌိပြုတ်ပါတယ်
ဘုရား)၊ သဿတနဲ့
ဥစ္ဆေဒိဋ္ဌိ မပြုတ်သေးပါဘူး
…. (မပြုတ်သေးပါဘုရား)။
ဘုရားတစ်ဆူပွင့်မှ
တစ်ခါကြားရတာ
သေသေချာချာမှတ်ကြပါ၊
ဒကာ ဒကာမတွေ ဒီဥစ္စာ
ဘုရားတစ်ဆူပွင့်မှ
တစ်ခါကြားရ တယ်လို့
အောက်မေ့ရတယ်
….. (မှန်ပါ့ဘုရား)၊
ဘုရားတစ်ဆူပွင့်မှ
တစ်ခါကြားရတာ
…. (မှန်ပါ့ဘုရား)။
အခုပဲ
ခင်ဗျားတို့ မကြားဘူးလို့၊
မဖြုတ်တတ်လို့ရှိရင်ဖြင့်
ငါမဟုတ်တာကို
ငါလုပ်နေလိမ့်မယ်ဆိုတာလည်း
ဦးသန်းမောင်တို့၊
ဦးမာတင်တို့
ငြင်းဖို့မလိုဘူး
….. (မလိုပါဘုရား)၊
ငါမဟုတ်တာ ငါလုပ်ကြတော့မှာပဲ
…. (မှန်ပါ့)။
ငါမဟုတ်တာ
ငါလုပ်နေကြတယ်
ဒီဟာကို
ငါမဟုတ်တာ ငါလုပ်လို့ရှိရင်
ဒီရောဂါဟာ ကူးစက်တော့မယ်
….. (မှန်ပါ့ဘုရား)၊
ဘယ်လိုကူးစက်မလဲ၊
ဘာမှမဆိုင်တဲ့
ဟိုဘက်က ရုပ်နာမ်ကိုလဲ
ငါ့သားလုပ်တော့မယ်၊
ငါ့သမီးကော မလုပ်ဘူးပေလား
…. (လုပ်ပါတယ်ဘုရား)။
ပေါ်လာတဲ့
စိတ်ကလေးကို ငါမဟုတ်
သူမဟုတ်၊ စိတ်ကလေးတွေသာ
ပေါ်နေတာ၊ စိတ်စဉ်တန်း
ပေါ်နေတာလို့ မသိလို့ရှိရင်ဖြင့်
ဒီရောဂါဟာ ၊ ဒိဋ္ဌိရောဂါဟာ
ပွားသွားတော့မယ်
…. (မှန်ပါ့)၊
ဒီရောဂါဟာ ပွားသွားတော့မယ်ဆိုတာ
မှတ်ရုံပဲ …..
(မှန်လှပါ)၊ ဒီ
ရီကော်ဒါ Recroder ကလေးလည်း
ငါ့ဟာ ၊ ဒီမိုက်ကရိုဖုန်း
microphone ကလေးလည်း ငါ့ဟာ
….. (မှန်ပ့ါ)၊
သြော် … ဒါတွေ
ဘယ်က လာပါလိမ့်မတုံး
….. (မှန်ပါ့)။
သြော်
…. ဒါ ဘယ်က
လာပါလိမ့်မတုံး၊
ဒီ ….. ငါ့ဥစ္စာတွေ
ဘယ်ကများ လာပါလိမ့်မတုံး၊
ခုနင်က ပေါ်လာတဲ့
စိတ်ကို ငါရယ်လို့
ထင်နေလို့၊ ဒီစိတ်က
ဟိုဟာကို ပိုင်တယ်လို့
ထင်ပေးလိုက်တော့
ငါဥစ္စာဘက် ကူးသွားတယ်
…. (မှန်ပါ့)၊
ရှင်းကြပါလား
…. (ရှင်းပါပြီဘုရား)။
ဒိဋ္ဌိဖြုတ်နေတယ်လို့
မှတ်ပါ
မိမိစိတ်ကို
ငါထင်နေရင် ပစ္စည်းကို
ငါ့ဥစ္စာလို့ တစ်ခါတည်းကူးစက်ပြီး
ဒီဝေဒနာပွားသွားတာပဲ
…. (မှန်ပါ့ဘုရား)၊
ဒါဂရုစိုက်ပြီး
နားထောင်ပါ၊ ဘာဟောနေသတုံးလို့
မေးမနေနဲ့၊ ဒိဋ္ဌိဖြုတ်နေတယ်လို့သာ
အောက်မေ့ ….
(မှန်လှပါ့ဘုရား)။
ဘာလုပ်နေတာတုံး
… (ဒိဋ္ဌိဖြုတ်နေပါတယ်ဘုရား)၊
ဒိဋ္ဌိဖြုတ်နေတယ်ဆိုတဲ့
ဥစ္စာ ခင်ဗျားတို့
လေးလေးစားစား
မှတ်ပါလို့ ပြောတာနော်
…. (မှန်ပါ့)။
လေးလေးစားစား
ဘယ့်နှယ့်မှတ်ရမတုံး၊
ခင်ဗျားတို့ အမိသတ်နိုင်တယ်၊
အဖသတ်နိုင်တယ်၊
သူတစ်ပါးဥစ္စာတွေ
လိမ်လည်တယ်၊ ကောက်ကျစ်တယ်၊
ခိုးတယ်၊ ၀ှက်တယ်၊
ဓားပြတိုက်နိုင်တယ်၊
သူပုန်ထ နိုင်တယ်ဆိုတာက
ဒိဋ္ဌိက ပွားတာ ….
(မှန်လှပါ)၊ သဘောကျပလား
…. (ကျပါပြီဘုရား)။
ဒိဋ္ဌိကပေါက်ဖွားတာ
ကျန်တဲ့
အကုသိုလ်ဟူသရွေ
့ ….. (ဒိဋ္ဌိပွားတာပါဘုရား)၊
ဒါကြောင့် သူ့ကို
အရေးတကြီးဖြုတ်နေတာ
….. (မှန်လှပါ)၊
ရှင်းပလား ….
(ရှင်းပါပြီဘုရား)။
ကျန်တဲ့
အကုသိုလ်တွေဟူသရွေ
့ ခင်ဗျားတို့
အမိလည်းသတ်နိုင်တယ်၊
အဖလည်းသတ်နိုင်တယ်၊
ဘုရားလည်း သတ်နိုင်တယ်ဆိုကြပါစို့
…. (မှန်လှပါဘုရား)။
ဘယ်က
လာတာတုံး ….
ဦးမာတင်တို့၊
ဦးသန်းမောင်တို့
(ဒိဋ္ဌိ ပေါက်ဖွားလာတာပါ
ဘုရား)။
ဒိဋ္ဌိသည်
ငရဲရေသောက်မြစ်
ဒါဖြင့်
သူဟာ ငရဲရေသောက်မြစ်ဆိုတာ
မမှန်ဘူးလား …..
(မှန်ပါတယ် ဘုရား)။
ဒါကြောင့်
ဘုန်းကြီးတို့
ဒကာ ဒကာမတွေ၌ တို့ဆရာဘုန်းကြီး
အခုအရေးတကြီး
ပြောနေတာ ရေသောက်မြစ်အရင်းကျကျ
ဖြုတ်ပေးနေတာကိုး
…. (မှန်လှပါ)။
တို့အပါယ်ကို
သွားမှာ စိုးရိမ်လို့
ဒီရေသောက်မြစ်ဖြတ်ပေးနေတာပါလားလို့
ဆိုတာ၊ လေးလေးစားစား
မှတ်ပါလို့ ပြောလိုက်တယ်
…. (မှန်ပါ့)၊
ရှင်းပြီနော်
….. (ရှင်းပါပြီ
ဘုရား)။
ဒါဖြင့်
ဘယ်စိတ်ပေါ်ပေါ်
စားချင်တဲ့စိတ်ပေါ်လည်း
စားချင်တဲ့စိတ်လို့
သိပါ …. (မှန်ပါ့)၊
အိပ်ချင်တဲ့စိတ်ပေါ်လာရင်
…. (အိပ်ချင်တဲ့စိတ်လို့
သိရပါမယ်ဘုရား)၊
အိပ်ချင်တဲ့စိတ်လို့
သိပေးနေ …
(မှန်ပါ့)။
ပြောချင်တဲ့စိတ်လာရင်
ပြောချင်တဲ့စိတ်လို့
သိပေးနေလို့ရှိရင်
သြော် …. ဒါဟာ စိတ်ကလေး၊
စိတ်ကလေး၊ စိတ်ကလေးဆိုတာ
စိတ်ကလေးတွေ သိသိ၊
သိသိနေတော့ ငါက
ဒီအထဲမရောလို့ရှိရင်
ငါပြောချင်တယ်ဆိုတဲ့
ဥစ္စာမလာတော့ပါဘူး
…. (မှန်ပါ့)။
ငါ့ကိုယ်
ငါဟာကော လာသေးရဲ
့လား …. (မလာတော့ပါဘုရား)။
မလာတော့ဘူး၊
ဒါ စိတ်ကလေး သီးသန့်ပေါ်တာ၊
ဒါ စိတ်ကလေး သီးသန့်ပေါ်လာလို့
ဘုန်းကြီးတို့
ဒကာဒကာမတွေ သိနေရမယ်
…. (မှန်ပါ့)။
ဒါဖြင့် ဒီဥစ္စာ စားချင်တဲ့ တဏှာ …. (မှန်ပါ့)၊ စားချင်တဲ့ တဏှာပြီးလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေမှာ မစားရမနေနိုင်တဲ့ တဏှာ လာပြနƟ