ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ ၌ ဟောကြားတော်မူသော တရားတော်

မလျှော့ မတင်း ကျင့်မှရမယ်

( သောဏသူဌေးသား )

( ၄ - ၁၂ - ၁၃၅၉ )

 

 

ဒကာ ဒကာမတို့အခု ရှေ့ က သုံးခုပြပြီးသကာလထားတဲ့ဥစ္စာဟာ အရင်ပြောပြီးသားအတိုင်း ဒါလွန် ခဲ့တဲ့ဘ၀လို့ မှတ်ထားကြပါ ။

ဒါ ယခုရောကဆဲ ပစ္စုပ္ပန်ဘ၀ ၊ ခန္ဓာငါးပါးရထားတဲ့ ဘ၀လို့ မှတ်ထားကြပါ။ နိဗ္ဗာန်မရသေးရင် ကြုံရ ဆုံရမှာ အနာဂတ်ဘ၀လို့ မှတ်ထားကြပါ ။ ဘယ်နှစ်မျိုးရှိပါသလဲ ။ ( သုံးမျိုးရှိပါတယ်ဘုရား )။

ဩော် ဒါဖြင့် ဘ၀သုံးပါးမှာ ကျင်လည်မျောပါသွားရတာ ဘယ်သူ့ ကြောင့်တုံးလို့ မေးဖို့လိုမလာဘူး လား  ( လိုလာပါတယ်ဘုရား ) ဘ၀သုံးပါး ကျင်လည်မျောပါသွားလာနေကြတာ ဘယ်သူ့ကြောင့်ပါလိမ့်မ လဲလို့ ဒကာ ဒကာမတွေအကြောင်း လက်သည်ကိုရှာကြပါစို့ 

အကြောင်းလက်သည် ရှာတဲ့အခါကျတော့ တစ်နေ့ကဟာလေး ပြန်ပြီးမှတ်ထားမှ လည်သာလည်ရတယ် ကိစ္စမရှိဘူးဆိုတာကို လာမှာလည်း စိုးရိမ်ရတယ် ။

ကိစ္စရှိတယ်ဆိုတာလည်း ဒကာ ဒကာမတွေ သိစေချင်တယ် ။ ဒီလွန်ခဲ့တဲ့ ဘုန်းကြီးတို့ လာရာဘ၀ ၊ လာရဘ၀ ကလည်း ခန္ဓာငါးပါး ။

ခန္ဓာငါးပါးကြီးက ဘာဖြစ်လာသတုံးလို့ မေးတဲ့အခါကျတော့ ၊ ခန္ဓာငါးပါးက နောက်ဆုံးပိတ်အဖြစ်၊ အဖြစ်ဆိုးက ဘာပါလိမ့်မတုံးဆိုတော့ စုတိဆိုတဲ့ အသေဆိုးဟာ ဒါအတိတ်ဘ၀၏ လမ်းဆုံးလို့ ဆိုလို့ရှိရင် မှန်တယ်လို့ပဲ ဆုံးဖြတ်ချက်ချရမှာပဲ ( မှန်ပါ ) ။

အတိတ်ဘ၀၏ လမ်းဆုံးဟာစုတိ

အတိတ်ဘ၀၏ လမ်းဆုံးဟာ စုတိပဲ ။ သေတာပဲ သဘောကျပလား ( ကျပါပြီ ) သေပြီး၊ ပြီးတာပဲလားလို့ မေးတဲ့အခါကျတော့ မပြီးသေးဘူး ။ ဒါကြောင့် ဒီသေတဲ့အချက်ကလေးဟာလည်း ဒကာ ဒကာမတွေ  တစ်နေ့က နာပြီးသား ဖြစ်နေတော့ အာသ၀ အစရှိသည်ကို ပြောချင်လို့ ဒါစလာတယ်လို့ မှတ်ရ မယ် .. ( မှန်ပါ့ ) ။

စုတိဘာသစ္စာတဲ့ ( ဒုက္ခသစ္စာပါဘုရား ) သြော် အတိတ်ဘ၀ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာနဲ့ ဇာတ်သိမ်းခဲ့ရတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အတိတ်ဘ၀က ဘာနဲ့ ဇာတ်သိမ်းခဲ့ရလဲ ( ဒုက္ခသစ္စာနဲ့ ပါဘုရား ) ။

နောက်ဘ၀က ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းခဲ့တယ်

ဒုက္ခက ဆင်းရဲတာ ၊ သစ္စာက မှန်တာ မောင်နိုင်ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းခဲ့ကြရတယ် ( မှန်ပါ့ ) ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းခဲ့ကြရတယ်ဆိုတာ ဒကာ ဒကာမတွေ လွန်ခဲ့တဲ့ဘ၀ကဖြင့် အခုသာ ဥာဏ်နဲ့ကြည့် ပါတော့ ။

သြော် ဒို့ နောက်ဘ၀က ဘာဖြစ်ခဲ့ပါလိမ့်ဆိုတော့ ဘာမှ မဖြစ်ခဲ့ဘူး ။ ဒကာ ဒကာမတွေ ဆင်းရဲအ မှန်နဲ့ ဇာတ်သိမ်းခဲ့တယ် ရှင်းကြပလား ( ရှင်းပါပြီ ) နောက်ဘ၀က ဘာနဲ့ဇာတ်သိမ်းခဲ့ကြပါလိမ့် ( ဆင်းရဲ အမှန်နဲပ ဇာတ်သိမ်းခဲ့ရပါတယ်ဘုရား ) ။

ဆင်းရဲတာမှ မှန်လိုက်တဲ့ဖြစ်ခြင်း ၊ စုတိပိဒုက္ခသစ္စာဆိုတာလည်း ငြင်းစရာ မရှိအောင်ပဲ မှန်ပြီးသကာလ နေတယ်။ ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းပြီးသကာလ ယခု ဒီဘ၀ ( လိုလာပါတယ်ဘုရား ) ဘ၀သုံးပါး ကျင်လည်မျောပါ သွားလာနေကြတာ ဘယ်သူ့ကြောင့်ပါလိမ့်မလဲလို့ ဒကာ ဒကာမတွေအကြောင်း လက်သည်ကိုရှာကြပါစို့ ။

အကြောင်းလက်သည် ရှာတဲ့ အခါကျတော့ တစ်နေ့ကစာလေး ပြန်ပြီးမှတ်ထားမှ လည်သာလည်ရ တယ် ကိစ္စမရှိဘူးဆိုတာကို လာမှာလည်း စိုးရိမ်ရတယ်။

ကိစ္စရှိတယ်ဆိုတာလည်း ဒကာ ဒကာမတွေ သိစေချင်တယ် ။ ဒီလွန်ခဲ့တဲ့ ဘုန်းကြီးတို့ လာရာဘ၀ ၊ လာရာဘ၀ကလည်း ခန္ဓာငါးပါး ။

ခန္ဓာငါးပါးကြီးက ဘာဖြစ်လာသတုံးလို့ မေးတဲ့အခါကျတော့ ၊ ခန္ဓာငါးပါးက နောက်ဆုံးပိတ်အဖြစ်၊ အဖြစ်ဆိုးက ဘာပါလိမ့်မတုံးဆိုတော့ စုတိဆိုတဲ့ အသေဆိုးဟာ ဒါအတိတ်ဘ၀၏ လမ်းဆုံးလို့ ဆိုလို့ရှိရင် မှန်တယ်လို့ပဲ ဆုံးဖြတ်ချက်ချရမှာပဲ ( မှန်ပါ့ ) ။

အတိတ်ဘ၀၏ လမ်းဆုံးဟာ

စုတိအတိတ်ဘ၀၏ လမ်းဆုံးဟာ စုတိပဲ ၊ သေတာပဲ သဘောကျပလား ( ကျပါပြီ ) သေပြီး ၊ ပြီးတာပဲလားလို့ မေးတဲ့ အခါကျတော့ မပြီးသေးဘူး၊ ဒါကြောင့် ဒီသေတဲ့အချက်ကလေးဟာလည်း ဒကာ ဒကာမတွေ တစ်နေ့က နာပြီးသား ဖြစ်နေတော့ အာသ၀ အစရှိသည်တို့ ပြောချင်လို့ ဒါစလာတယ်လို့ မှတ်ရမယ် .. ( မှန်ပါ့ ) ။

စုတိဘာသစ္စာတဲ့ ( ဒုက္ခသစ္စာဘုရား ) သြော် အတိတ်ဘ၀ ဒုက္ခသစ္စာနဲ့ ဇာတ်သိမ်းခဲ့ရတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အတိတ်ဘ၀က ဘာနဲ့ ဇာတ်သိမ်းခဲ့ရလဲ ( ဒုက္ခသစ္စာနဲ့ပါဘုရား ) ။

နောက်ဘ၀က ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းခဲ့တယ်

ဒုက္ခက ဆင်းရဲတာ ၊ သစ္စာက မှန်တာ မောင်နိုင် ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းခဲ့ကြရတယ် ( မှန်ပါ့ ) ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းခဲ့ကြရတယ်ဆိုတာ ဒကာ ဒကာမတွေ လွန်ခဲ့တဲ့ ဘ၀က ဖြင့် အခုသာ ဥာဏ်နဲ့ ကြည့်ပါတော့ ။

သြော် ဒို့ နောက်ဘ၀က ဘာဖြစ်ခဲ့ပါလိမ့်ဆိုတော့ ဘာမှ ဖြစ်ခဲ့ပါဘူး၊ ဒကာ ဒကာမတွေ ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းခဲ့တယ် ရှင်းကြပလား ( ရှင်းပါပြီ )နောက်ဘ၀က ဘာနဲပ ဇာတ်သိမ်းခဲ့ကြပါလိမ့် .. ( ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းခဲ့ရပါတယ် ဘုရား ) ။

ဆင်းရဲတာမှ မှန်လိုက်တဲ့ဖြစ်ခြင်း၊ စုတိပိဒုက္ခသစ္စာဆိုတာလည်း ငြင်းစရာမရှိအောင်ပဲ မှန်ပြီးသကာလနေတယ်၊ ဆင်းရဲအမှန်နဲပ ဇာတ်သိမ်းပြီးသကာလ ယခု ဒီဘ၀ အမေ့ဝမ်းခေါင်းထဲကို ရောက် ပြီးသကာလ ဘုန်းကြီးတို့  ဒကာ ဒကာမတွေ ရောက်ပြီးသကာလ လာကြတယ် ။

လာကြတော့လည်း အင်း .. ဘယ်နေရာများ ရောက်ပါလိမ့်မတုံးလို့ မေးဖို့မလိုဘူးလား .. ( လိုပါတယ် ) ဇာတိပဋိသန္ဓေရောက်ပြီ .. ( မှန်ပါ့ ) ။

ဇာတိပဋိသန္ဓေနဲ့ မနေကြရပေဘူးလား   ( နေကြရပါတယ် ) ပစ္စုပ္ပန်ဘ၀အစ ဇာတိကပေါ့ဗျာ ( မှန်ပါ့ ) ။

ယခုဘ၀မှာ ဆင်းရဲအမှန်နဲ့ စကြရပြန်ပြီ

ဇာတိသစ္စာလေး ဒကာ ဒကာမတွေက ဖွဲ့လိုက်ပါဦး ( ဒုက္ခသစ္စာပါဘုရား ) သြော် ဒုက္ခသစ္စာနဲ့ပဲ စရတယ်စရပြန်ပြီ ဒီဘ၀ ။

အင်း .. အတိတ်ဘ၀ကလည်း ဘာနဲပ အဆုံးသတ်ခဲ့ကြ .. ( ဒုက္ခသစ္စာနဲ့ပါ ) သြော် .. ဒုက္ခသစ္စာနဲ့ အဆုံးသတ်ပြီး ယခုဘ၀မှာလဲ ဘာနဲ့စရသလဲ ( ဒုက္ခသစ္စာနဲ့ပါ ) ။

ကိုယ်ကျိုးနည်းပြီ ၊ ကိုယ်ကျိုးနည်းပြီ ဒကာ ဒကာမတို့ ဟိုဘက်ဘ၀ကလည်း ဒုက္ခသစ္စာနဲ့ အဆုံးသတ်ခဲ့တယ် ၊ ဒီဘ၀ရောက်ရင်တော်ရောလားလို့ အောက်မေ့လိုက်တယ် ဒုက္ခသစ္စာနဲ့ စရတယ် ။

အနေမှာလည်း ဆင်းရဲအမှန်နဲ့ နေကြရပြန်ပြီ

ဇာတိပိဒုက္ခသစ္စာလို့ ဘုရားအဆူဆူတိုင်း ဟောတယ် ။ မှန်လည်း မှန်ပါပေတယ်၊ ဒီဘ၀ ဒကာ ဒကာမတွေ နေပြန်တော့လည်း ၊ ဇရာအသက်ရှင်သလောက်ကလေး နေရပြန်တော့ သွားလား ၊ လာလား၊ နေတာထိုင်တာ ပြောလားဆိုလားနဲ့ ရုပ်နာမ်တွေဟာ ဖြစ်ပျက်သဘောနဲ့နေရတော့ ၊ သြော် အနေမှာလည်း ဒုက္ခသစ္စာနဲ့ပဲလို့ပဲဆုံးဖြတ်ချက်ချလိုက်ပါတော့ .. ( မှန်ပါ့ ) သဘောကျပလား .. ( ကျပါပြီ ) ။

အနေမှာလဲ ဘာပါလိမ့်  ( ဒုက္ခသစ္စာပါ ) ကိုင်း ဒီဘ၀လည်း သက်တန်းစေ့လို့ ကျုပ်တို့ မလွှဲသာတဲ့ အကြုံမျိုး ကြုံကြပါစို့ဆိုတော့ သေရမှာပဲ ၊ မသေရပေဘူလား ( သေရမှာပါဘုရား ) ။

ချမ်းသာဟူသမျှ ၊ မြူစမှမပါ

အဲဒီအသေ၊ သူတို့ပါသွားတဲပ အသေကိုလည်း သစ္စာလေးဖွဲ့ လိုက်ပါဦး ( ဒုက္ခသစ္စာနဲ့ ဇာတ်သိမ်းရ မယ်ဆိုတော့ အရိယာမျက်လုံး တပ်ပြီးကြည့်မယ်ဆိုလို့ရှိရင်ဖြင့်  ချမ်းသာဟူသမျှ မြူစမှမပါ   ဆိုတဲ့ အဓိပ္ပါယ်ရှင်းပြီ ( ရှင်းပါပြီဘုရား ) ။  မရှင်းဘူးလား ( ရှင်းပါပြီ ) ။

ကဲ ဒါဖြင့် ပစ္စုပ္ပန်ဘ၀ ၊ ယခုဘ၀ ၊ ဘုန်းကြီးကော၊ ဒကာ ဒကာမတွေကော သေကြကြေကြပါစို့ဆို တော့ ဒုက္ခသစ္စာနဲ့ ဇာတ်သိမ်းကြဖို့နော် ( တင်ပါ့ ) ။

ဘုန်းကြီးဟောတဲ့တရား၊ ဘုရားဟောတော်မူတဲ့တရား ၊ မဂ်ဥာဏ်ဖိုလ်ဥာဏ်တွေ မရလို့သစ္စာမရကြ သေးဘူဆိုလို့ရှိရင် အနာဂတ်ဘ၀တော့ဖြင့် မကြုံမရှိတော့ဘူး။

ကြုံတော့ အနာဂတ်ဘ၀ ဇာတိကစပြန်လို့ရှိရင်လည်း ဘာသစ္စာပါလိမ့် ( ဒုက္ခသစ္စာနဲ့ အဆုံးသတ်ပြီး ပစ္စုပ္ပန်ဘ၀ ဒုက္ခသစ္စာနဲ့ စ ၊ အလယ် ဒုက္ခသစ္စာနဲ့နေ ၊ အဆုံး ဒုက္ခသစ္စာနဲ့ဆုံး ။

ဆုံးရာကနေပြီး အနာဂတ်ဘ၀ ၊ ဒကာ ဒကာမတွေက စလိုက်ပြန်ပြီဆိုမှဖြင့် ဒုက္ခသစ္စာပဲ ပြန်ရတော့ ဒုက္ခတွေနဲ့ချည်းဆွဲဆွဲသွင်းတာ လက်သည်ရှာကြပါစို့ ဆိုတဲ့ အဓိပ္ပါယ်ဟာရှင်းသွားပြီနော်။

သမုဒယသစ္စာမှာ ၊ အဖေါ်ရှိသေးတယ် ။

လက်သည်ရှာကြပါစို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တစ်နေ့က လောဘပြောခဲ့ရတယ် ၊ သမုဒယသစ္စာ ပြောခဲ့တယ် ၊ အခုပြောရမှာကတော့ သမုဒယသစ္စာမှာ အဖေါ်ရှိသေးတယ်ဟေ့လို့ ။ ဒကာ ဒကာမတွေကို ပြောချင်လို့ ဒီတရားစလာတာပဲ ( မှန်ပါ့ ) ။

သမုဒယသစ္စာဟာ သူချည်းသက်သက်နဲ့မစွမ်းနိုင်ဘူးကွ .. အကူအညီတွေနဲ့ ယူပြီးသကာလ ဒီဒုက္ခတွေ၊ ဆွဲသွင်းနေတာပါကွ ဆိုလို့ရှိရင်လည်း အမှန်ပါပဲ ဆိုတာကို ဆုံးဖြတ်ချက်ချရပါလိမ့်မယ်နော် ။

အာသ၀၏ ဒဏ်ချက်

အာသဝေါတရားလေးပါး၏ ဒဏ်ချက် ၊ အာသဝေါတရားလေးပါးက တစ်ခုသောဒုက္ခသစ္စာပြီးလို့ရှိ ရင် တစ်ခုသောဒုက္ခသစ္စာထဲသို့ အာသ၀ တစ်ခါတည်း မျှောပေးလိုက်တယ်  ( မှန်ပါ့ ) ။

ဒီကနေပြီး မျှောပေးလိုက်တော့ ဒုက္ခသစ္စာကျုပ်တို့အဆက်မပြတ်ဘူး၊ ပြတ်သေးရဲ့ လား ( မပြတ် ဘုရား ) ၊ သြော် အာသ၀ဒဏ်ချက် ကျုပ်တို့ဖြင့် ခန္ဓာဒုက္ခနဲ့သာ ကြုံရတယ်လို့ပဲ ပြောကြပါစို့ ။

တစ်ခုသော ဒုက္ခပြီး၊ တစ်ခုသော ဒုက္ခကို ၊ သယ်ပို့ယူဆောင်ပြီးသကာလ အရောက်ပို့တာ ဘယ်သူ ပါလိမ့် ( အာသ၀ပါဘုရား ) ။

အာသ၀မကုန်ရင် ဒုက္ခမကုန်ပါ

ဒါကြောင့် ကာမသ၀ ၊ ဘ၀ါသ၀ ၊ ဒိဋ္ဌသ၀ ၊ အ၀ိဇ္ဇာသ၀တွေ၏ ဒဏ်ချက်ပဲဆိုတာဖြင့် သဘောကျလောက်ပါပြီ ( ကျပါပြီ ) တစ်ခုသော ဒုက္ခအဆုံးမှာ တစ်ခုသောဒုက္ခအစကို မရရအောင် သယ်ယူပို့လိုက်တာ ဘယ်သူပါလိမ့် . ( အာသ၀ ပါ ) ။

ဒါကြောင့်တဲ့ အာသ၀ မဆုံးသေးသ၍ကျုပ်တို့သည် ဒုက္ခမကုန်ဘူးဆိုတာကိုလည်း သေသေချာချာသာ မှတ်ကြပါတော့ အာသ၀မကုန်ရင် .. ( ဒုက္ခမကုန်ပါ ) ။

ဒုက္ခမကုန်ဘူးဆိုတာ ရှင်းကြလင်းကြပါပြီလား ( ရှင်းပါပြီ ) တစ်ခါပစ္စုပ္ပန်ဘ၀ ၊ အခုဘ၀ ၊ သေရမယ့် စုတိမှာ နောင် အနာဂတ်ဘ၀ အနာဂတ်ဒုက္ခကြီးနဲ့ ဆက်သွယ်ပေးလိုက်တာ ဘယ်သူတုံး .. ( အာသ၀ပါ ) ။ အာသ၀တို့ သြဃတို့ ယောဂတို့ပေါ့ဗျာ ၊  သဘောကျပလား ( ကျပါပြီ ) ။

အာသ၀၏ စွမ်းရည်သတ္တိ

ဒီလိုချည့်ပဲ ကျုပ်တို့သည် တစ်သံသရာလုံးဖြင့် တစ်ခုသော ဒုက္ခဆီက တခုသောဒုက္ခဆီကို အရောက်ပို့တာ အာသဝေါတို့၏ စွမ်းရည်သတ္တိကဖြင့် သူတိ့ မကုန်သ၍ ကျုပ်တို့မှာ တစ်ခုသော ဒုက္ခနဲ့ တခုသော ဒုက္ခကို အခြားမရှိအောင် ဆက်ပေးပါလိမ့်မယ်ဆိုတာကို မှတ်လိုက်တာပေါ့ ( မှန်ပါ့ ) ။

အခြားမရှိအောင် ဆက်ပေးပါလိမ့်မယ် ဒကာ ဒကာမတို့ ( မှန်ပါ့ ) အခြားမရှိအောင် ဆက်ပေးဆို တာ ရှင်းရှင်းလင်းလင်းပဲမှတ်လိုက်ပါဦး ။

အနန္တရပစ္စည်းက ကျေးဇူးပြုတယ်

အနန္တရ ပစ္စယောဆိုတာ ကြားဘူးကြလိမ့်မယ်၊ အနန္တရ ပစ္စယောဆိုတာ ကြားဘူးကြလိမ့်မယ် ၊ မြန်မာလိုပြန်လိုက်တဲ့အခါ အခြားမရှိမူ၍၊ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊ ဘယ်လိုပါလိမ့် ( အခြားမရှိမူ၍ ကျေးဇူးပြုတတ်သောတရားပါ ) ။

အဲဒီ အသင့်ရှိသည့် ဟောဒီယခုရောက်ဆဲဖြစ်တဲ့ ပစ္စုပ္ပန်အမေ့ဝမ်းခေါင်းထဲရောက်တဲ့ ပဋိသန္ဓေနဲ့ ဟာ ကြားထဲမှာ လေတောင်မသွေးလိုက်ပါဘူး၊ ဒကာ ဒကာမတွေကြားထဲမှာ လေတောင် မသွေးလိုက်ပါဘူး တဲ့ ၊ အခြားမရှိပါဘူး၊ ( မှန်ပါ့ ) သဘောကျပလား ( ကျပါပြီ ) ။

သေခြင်းဆင်းရဲပြီးတော့ နေခြင်းဆင်းရဲလာတယ် ( မှန်ပါ့ ) သေခြင့်ဆင်းရဲပြီးတော့ ( နေခြင်းဆင်းရဲ လာပါတယ် ) ။

အင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ၊ ဆင်းရဲနှစ်ခုကို တစ်ဆက်တည်း စပ်ပေးလိုက်တာသည်၊ ပဋ္ဌာန်းနည်းနဲ့ ပြောတော့ အနန္တရပစ္စည်းလို့ဆိုရမယ်။

သုတ္တန်နည်း

သုတ္တန်နည်းနဲ့ ပြောရလို့ရှိရင် အာသဝေါတရားတို့၏ ဆက်သွယ်မှုပဲ ၊ ပဋ္ဌာန်းနည်းနဲ့ ပြောလို့ရှိရင် ..   ( အနန္တရပစ္စည်း ) အနန္တရပစ္စယောဆိုပြီး ကျေးဇူးပြုချလိုက်တယ် ၊ အဘိဓမ္မာနည်းနဲ့ ။

သုတ္တန်နည်းနဲ့ ဆိုလို့ရှိရင် အာသဝေါတရားက ဆက်သွယ်ပေးလိုက်တာပဲ ၊ စုတိဒုက္ခနဲ့ ပဋိသန္ဓေ ဒုက္ခဆက်သွယ်ပေးလိုက်တာပဲ။ သုတ္တန်နည်းမှာ အာသဝေါတရားတို့၏ စွမ်းရည်သတ္တိ သဘောကျပလား ( ကျပါပြီ ) ။

အဘိဓမ္မာနည်း

အဘိဓမ္မာနည်းမှာ အနန္တရ၏ စွမ်းရည်သတ္တိ ရှင်းကြပလား ( ရှင်းပါပြီ ) သုတ္တန်နဲ့ အဘိဓမ္မာနှစ်ခုစ လုံးညီအောင် ဟောနေတယ်လို့ မှတ်ပါနော် ။

ကိုင်း ပစ္စုပ္ပန်ဘ၀ အခုဘ၀မှ အနေဒုက္ခတွေ ပေးပြီး သကာလ သားရေး၊ သမီးရေး၊ စီးပွားရေးတွေနဲ့ မလွှဲသာ မရှောင်သာ အသေဒုက္ခက ကြုံကြရတယ်၊ ရောက်မယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ မငြင်းကြပါနဲ့ နော် ။

အဲဒီအသေဒုက္ခနဲ့ အနာဂတ်ဘ၀ နိဗ္ဗာန်မရလို့ ဘုန်းကြီးပြောတဲ့တရား၊ ဘုရားဟောတောမူလို့ တရားတွေအားမထုတ်ကြတော့ဘူးဆိုရင်ဖြင့် အနာဂတ်ဘ၀ကို လာလတ္တံ့  ဘ၀ဖြစ်တဲ့ ပဋိသန္ဓေဒုက္ခနဲ့ သွား ဆက်ဦးမယ် ( မှန်ပါ့ )။

အဲတာလဲ အနန္တရပဲ အဘိဓမ္မာနည်းနဲ့ ၊ သုတ္တန်နည်းနဲ့တော့ အာသ၀က ဆက်ပေးတယ် သဘောကျပလား ၊ ( ကျပါပြီ ) သုတ္တန်နည်းနဲ့တော့ ( အာသ၀က ဆက်ပေးပါတယ် )။

သြော် ဒါဖြင့် ဒီအာသ၀ဟာ သြဃ၊ ယောဂတို့ကို ကျုပ်တို့ မကျော်လွန်နိုင်၊ မကူးခတ်နိုင်၊ မဖြောင့်တတ်နိုင်သည်ဆိုမှဖြင့် တပည့်တော်တို့ လာဖြစ်ရမှာတုံး ဘုရားလို့ မမေးပါနဲ့တော့ အင်မတန် ၀မ်းနည်းစရာကောင်းပါတယ်နော် .. ။

အာသ၀မကျော်နိုင်ရင် ဒုက္ခဟာ ကိုယ်ပိုင်ပစ္စည်း

ဒီအာသ၀ ၊ သြဃ၊ ယောဂတွေ ဒကာ ဒကာမတွေ ဘုရားဟောတော်မူတဲ့အတိုင်း၊ ဆရာသမား ဆုံးမတဲ့အတိုင်း အဖြောင့် မကောက်ကြတော့ဘူးဆိုရင်ဖြင့် တပည့်တော်တို့  ဘာမှဖြစ်ဘူး ၊ တစ်ခုဒုက္ခပြီး ၊ တစ်ခုဒုက္ခဟာမင်းတို့ ကိုယ်ပိုင်ပစ္စည်းပဲလို့ ဒါပဲပြောရမယ် ။

တစ်ခုဒုက္ခပြီး တစ်ခုဒုက္ခဟာ ( ကိုယ်ပိုင်ပစ္စည်းပါ ) အဲဒီကျသွားတယ် မရှင်းသေးဘူးလား ( ရှင်းပါတယ် ) ။

အဲတော့ ဒကာ ဒကာမတို့ ဒီလိုလုပ်ကြပါပေတော့ ၊ ဒီလိုပဲ ခင်ဗျားတို့ ဟောတာ အတိတ်ဘ၀၊ အနာဂတ်ဘ၀ ဖြစ်ပြီးရင်လည်း ၊ ဒီဘက်ပြန်လှည့်ဦးမှာပဲ ဒါ ပစ္စုပ္ပန်ပြန်ဖြစ်ရမယ် မဖြစ်ပေဘူးလား ( ဖြစ်ပါ တယ် ) ။

အနာဂတ်ဘ၀က သေပြန်တော့ကို၊ အင်း ဘယ်သွားပါသတုံးဆို၊ ကြုံရာယခုဘ၀ ပြန်ရောက်လာ တော့ ၊ ပစ္စုပ္ပန်ပဋိသန္ဓေနဲ့ပြန်ဆက်မယ်။

ပစ္စုပ္ပန်စုတိနဲ့ ဒကာ ဒကာမတို့ဟောဒီ အနာဂတ် ပဋိသန္ဓေနဲ့ ပြန်ဆက်တယ် ၊ ဟောဒီ ပဋိသန္ဓေနဲ့ ပြန်ဆက်တယ်၊ မဆက်ဘူးလား ( ဆက်ပါတယ် ) ဆက်တော့ ဘ၀သုံးပါးကျင်လည် ပြေးသွားကုန်သောဆို သော ဒါပဲ ။

ဘာသစ္စာတွေနဲ့ သွားလာနေကြပါလိမ့် ( ဒုက္ခသစ္စာတွေနဲ့ပါ ) သြော် .. အသေဒုက္ခသစ္စာနဲ့ အနေ ဒုက္ခသစ္စာနဲ့ ဒါပဲ လှည့်နေတယ် ၊ ဘာတွေ လှည့်နေပါလိမ့် ( ဒုက္ခသစ္စာတွေလှည့်နေပါတယ် ) ။

အနေဒုက္ခသစ္စာ၊ အသေဒုက္ခသစ္စာ

သြော် ရှင်းရှင်းပြောပါဆိုတော့ အသေဒုက္ခသစ္စာနဲ့ ( အနေဒုက္ခသစ္စာပါ ) အနေဒုက္ခသစ္စာနဲ့ လှည့်နေတယ် သဘောကျပလား ( ကျပါပြီ ) အဲဒီအနေဒုက္ခသစ္စာနဲ့ ဘာနဲ့လှည့်နေလဲ ( အသေဒုက္ခသစ္စာနဲ့လှည့် ) ။

အဲဒီအသေဒုက္ခသစ္စာပြီးတော့ ဘာနဲ့ လာပြန်လဲ ( အနေဒုက္ခသစ္စာနဲ့ လှည့် ပါတယ် ) အနေဒုက္ခ သစ္စာနဲ့ ဘာနဲ့ ဆက်ပြန်သလဲ ( အသေဒုက္ခသစ္စာနဲ့ပါ ) အဲဒီအသေဒုက္ခသစ္စာနဲ့ ဘာနဲ့ဆက်ပြန်လဲ ( အနေဒုက္ခသစ္စာနဲ့ပါ ) ။

ကိုင်း ဒကာ ဒကာမတို့ သြော် .. သံသရာ သူများပြောနေတာက ဒီလောက်မဆင်းရဲဘူး အောက်မေ့ နေတာ ယခုဘ၀သုံးပါး ကူးသန်းသွားလာနေပုံတွေကို သေသေချာချာရှင်းပြထားတော့မှ သြော် ကောင်းဆို တာမြူစမှ မပါပါကလားဆိုတာ သေချာရှင်းသွားပြီ။

အကောင်းဆိုတာ မြူစမပါဘူး ၊ ပါကြသလား ( မပါပါဘူး ) ဒါဖြင့် ဒကာ ဒကာမတို့ ဒီဖိုခနောက် ဆိုင်ပါ ကူးနေကြတော့မှာလားဆိုတဲ့ဥစ္စာ မောင်နိုင်တို့ ကိုမြင့်တို့ မေးဖို့လိုလာပြီ ( မှန်ပါ့ ) ။

မျက်စိကန်း တစ္ဆေမကြောက်

ဒီလိုပဲ ကူးနေကြတော့မလားဆိုတာ မျက်စိကန်း တစ္ဆေမကြောက် သွားနေကြတော့မလားလို့ မေး တာပဲ ဘယ်လိုများမေးပါလိမ့် ( မျက်စိကန်း တစ္ဆေမကြောက်သွားနေကြလို့ပါ ) မျက်စိကန်း တစ္ဆေမကြောက် သွားနေကြတော့မှာလားလို့ ဒါပဲ မေးစရာရှိတော့တယ် .. ( မှန်ပါ့ ) ။

မျက်စိကလဲ အကန်းနောက် သွားရတယ် ၊ တစ္ဆေတွေကလည်း သရဲသဘက်တွေကလည်း ဘယ်လို ပဲအန္တရာယ်နဲ့ဂုတ်ချိုးစားမယ်ဆိုလဲ မျက်စိကန်းတော့ သွားမြဲသွားမှာပဲ မျက်စိကန်းတဲ့ဒုက္ခကြောင့် အသေခံရ တဲ့ဒုက္ခကြုံရမှာပဲ သဘောကျပလား ( ကျပါပြီ ) ။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီခရီးနဲ့ ဒီခရီးဖြင့် အကောင်းမပါဘူးဆိုတာဖြင့် သစ္စာဥာဏ်နဲ့သာ ကြည့်ကြပါတော့ ၊ ဆုံးဖြတ်ချက်ချပေးပါပြီ ၊ အကောင်းမပါပါဘူး၊ သဘောကျပလား ( ကျပါပြီ ) ။

ဒါဖြင့် သြဃလေးပါးသည် ဒကာ ဒကာမတို့ကို ဒီဘ၀က ဒီဘ၀မျှောလိုက် ၊ ဒီဘ၀က ဒီဘ၀မျှောလိုက် ၊ တစ်ခုသောဒုက္ခပြီးရင် ၊ မင်းကိုယ်ပိုင် နောက်တစ်ခုသော ဒုက္ခရောက်လိမ့်မယ် ။

မင်းတစ်ခုသော ဒုက္ခဖြစ်လို့ရှိရင် မင်းကိုယ်ပိုင် နောက်ထပ်တစ်ခုသော ဒုက္ခရလိမ့်မယ်ဆိုတာဆုကြီး လာဘ်ကြီးက တစ်ခုမှ အကောင်းမပါဘူး၊ ပါကြပါရဲ့ လား ( မပါပါဘူး )။

ကာမောဃနှင့် ဘဝေါဃ

ဆုကြီးလာဘ်ကြီးတစ်ခုမှ အကောင်းမပါပါ ၊ ဒါကို ကျုပ်တို့က ဘယ်ဘ၀ရောက်ရပါလို၏ ၊ ဟိုဘ၀ ရောက်ရပါလို၏ ၊ ဒီဘ၀ရောက်ရပါလို၏ ဆိုတော့ ၊ သြော် .. ရောက်ရပါလို၏ ဆိုတဲ့တဏှာက ကာမောဃ၊ ရောက်ရာဘ၀ဒုက္ခသစ္စာလို့ မသိတာက ဘဝေါဃလို့ခေါ်သည် ၊ သဘောကျပလား ( ကျပါပြီ ) ။

ဟိုဘ၀ ဒီဘ၀ မျှောတာက ကာမောဃပေါ့ဗျာ၊ သဘောကျပလား ( ကျပါပြီ ) ဟိုဘ၀ ဒီဘ၀ရောက်အောင် မျှောတာက၊ ကာမောဃ ၊ ဟိုဘ၀ ဒီဘ၀ရောက်ရာပျော်နေတာက ဘ၀တဏှာဆိုတော့ ဘဝေါဃ ။

ဒီဋ္ဌောဃနှင့် အ၀ိဇ္ဇော&